Application ဖြစ်ပေါ်လာပုံ
SSBU eLearn Mobile Application ဖြစ်ပေါ်လာရန် Strategy First မှ Application လှူဒါန်းပေးလိုကြောင်း ဧရာဝတီဘဏ်မှ ဒေါ်ခင်မမ (ခ) အန်တီချစ်မှ ၂၀၂၂ ခုနှစ် ဇွန်လတွင် ဆရာတော်ထံတွင် လျောက်ထားပေးခဲ့ပြီး ဆရာတော်၏ ခွင့်ပြုချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆရာတော်၏ သင်ကြားပြသထားသော သင်ခန်းစာများ၊ ဗီဒီယိုများနှင့် ဓါတ်ပုံများကို မသဇင်ထိုက်၊ SSBUမှ ဆရာတော်များနှင့် ဝန်ထမ်းများမှ ဦးဆောင်စုစည်းပေးခဲ့ပါသည်။ ထိုမှတစ်ဆင့် ဧရာဝတီဘဏ်မှ မဆုနန္ဒာနှင့် အဖွဲ့သားများမှ သင်ခန်းစာများ ကို သင်တန်းပုံစံဖြစ်အောင် မှတ်စုများ၊ လေ့ကျင့်ခန်းများဖြင့် ပြန်လည်တည်းဖြတ်ပြင်ဆင်ခဲ့ပြီး Strategy First Education Group Co., Ltd မှ Application ရေးဆွဲ လှူဒါန်းခဲ့ပါသည်။